
Tuesday, October 15, 2013
ဖုန်းမလိုပဲface bookအကောင့်ဖွင့်နည်း

Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။Trust this computer ဆိုတဲ့ check box မှာ အမှန်ခြစ် တွေ့ နေရပါပြီ။သင့်ကွန်ပြူတာကနေ သုံးနေသရွေ့ ဖုန်းနဲ့ verification လုပ်စရာမလိုပါဘူး။ တစ်ခြားကွန်ပြူတာ မှာသုံးမှသာ သင့်ဖုန်းနဲ့  verification လုပ်ရမှာပါ။ဆိုင်မှာသုံးမယ်ဆိုရင်တော့ အမှန်ခြစ်ဖြုတ်ထားလိုက်ပေါ့.....Next နှိပ်ပြီး confirm နှိပ်ပေးပါ။ပြီးရင် သင့်အကောင့်ကို ပြန်ဝင်ပြီး “Some apps may need new passwords” box မှာ accept လုပ်ပေးပါ။ Do this later မလုပ်ပါနှင့်။ Gtalk application ,moziilla thunderbird,postbox တို့ လို gmail client application တွေက 2-step verification မလုပ်နိုင်ပါဘူး။ အဲဒီ application တွေမှာ သင့် password ရိုက်ထည့်ရင် error ဖြစ်ပါလိမ့်မယ်။အဲဒီ application တွေအတွက် application-specific password ကို generate လုပ်ပြီး ရလာတဲ့ password ကိုသုံးရမှာပါ။ကျွန်တော်တို အဲဒီ application တွေ အတွက် password generate လုပ်ကြည့်ရအောင်။ page အောက်ဆုံးမှာ နာမည် other application လို့ ပေးပြီး Generate နှိပ်ပါ။ password ပေါ်လာပါပြီ။အဲဒီ password ကို gtalk,mozilla thunderbird,postbox တို့ လိုapplication တွေ က password မှာအသုံးပြုရမှာပါ။ အဲဒီ password က done ကိုနှိပ်တာနဲ့ ပျောက်သွားမှာပါ။Google က မမှတ်ခိုင်းပေမယ့်လဲ မှတ်ထားရင်ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ဒါဆိုရင် 2-step verification ပြီးပါပြီ။ သင့်ကွန်ပြူတာကနေ သုံးနေသရွေ့  သုံးနေကျ user name and password ရိုက်ထည့်ပေးရုံပါပဲ။တစ်ခြားကွန်ပြူတာမှာသုံးမှသာ google ကသင့်ဖုန်းကို code ပို့ ပေးပြီး verify လုပ်ခိုင်းမှာပါ။ အဲဒီအတွက်သင့် အကောင့်ကို Hacker တွေမ ခိုးနိုင်တော့ပါဘူး။What Is Google Authenticatorသင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် Settingup Google Authenticator2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။How It Works?Google Authenticator application ကို install လုပ်ပြီးတာနဲ့ code တွေကို generate လုပ်နေတာသင်တွေ့ ရမှာပါ။ အဲဒီ ကုတ်တွေ ဟာ second 30 ခြား တစ်ခါပြောင်းနေမှာဖြစ်ပြီး second 30 အချိန်အတွင်းမှာအဲဒီကုတ်တွေကို ကွန်ပြူတာမှာရိုက်ထည့်ပေးရမှာပါ။ အဲဒီကုတ်တွေဟာ Google ကပို့ ပေးတဲ့ ကုတ်တွေလဲမဟုတ်ပါဘူး။ Google နဲ့ သင့်ဖုန်းအကြားမှာ connection လည်းမရှိဘဲနဲ့ Google ကသင်ရိုက်ထည့်တဲ့ကုတ်တွေဟာသင့်ဖုန်းက generate လုပ်လိုက်တဲ့ကုတ်တွေဆိုတာဘာနဲ့ တိုက်ဆိုင်စစ်ဆေးမှာလဲ?အလွန်စိတ်ဝင်စားစရာကောင်းတဲ့ programming ပညာရပ်တွေပါပဲ။ သင့်ဖုန်းကနေ barcode ကို scan လုပ်ပြီးတာနဲ့ သင့်ဖုန်းက google authenticator application ရဲ့ အမွှာ google authenticator application တစ်ခု google server မှာလည်း run နေပါပြီ။ဒီအမွှာ application နှစ်ခုဟာတစ်ချိန်တည်းမွေးဖွားလာသလို တစ်ထပ်တည်းတူတဲ့ ကုတ်တွေကို second 30 ခြားအချိန်အတူတူမှာ ထုတ်နေတာကြောင့်သင့်ရိုက်ထည့်တဲ့ကုတ်တွေဟာသင့်ဖုန်းက ဟုတ်မဟုတ်ဆိုတာ Google ကသိနေတာပါ။Backup Codesသင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာCredit to=>Windows,Internet,Browsers,Social Networks,Softwares
Friday, October 11, 2013
လမ်းလျှောက်တတ်သောသစ်ပင်(Walking Palm)

မျက်လုံးမှဆေးရည်ပန်းထုတ်ပြီး ပန်းချီရေးခြယ်သူ

ကန်စွန်းရွှက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံး သဘာဝ ဆေးတစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။(၂) ဝမ်းမှန်မှန်သွားစေပါတယ်ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမိုပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်မှုက ၁၂ ဆ ပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမို ပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်းရွက်ကို စားပြီးချိန်မှာ အူထဲရှိ အက်စစ် ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်းကြောင်းရှိ Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်
ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေ အတွက်လည်း တခြား အစားအသောက်တွေ နေရာမှာ အစားထိုးစားသင့်တဲ့ အစာပဲ ဖြစ်ပါတယ်။(၄) သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေသူတွေမှာ ကန်စွန်းရွက်ကို စားပေးရင် သွေးဖိအား လျော့ကျစေပါတယ်။ ကန်စွန်းရွက်ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်ကန်စွန်းရွက်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။(၆) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရပ်ကျပ်ရောဂါ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန် ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြား ပါဝင်ကာ အဆိပ်တား အာနိသင်၊ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် အင်ဆူလင်လို အာနိသင်လည်း ရှိကာ ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေး အနေနဲ့ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။
(၈) အဆိပ်ပြေစေပါတယ်ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှားတာကြောင့် အော့အန်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့-- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။- ဗောက်ထတာနဲ့ အရေပြား ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။- အနာတွေကို သက်သာစေပါတယ်။- နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကြယ်စင်

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဟု
အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း Marie Stopes International မှ Country Director ဒေါက်တာစစ်နိုင်က အကြံပြု ပြောကြားလိုက်သည်။အမျိုးသမီး ငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှု များပြားလာရခြင်းမှာ မိဘနှင့် အုပ်ထိန်းသူများက အမျိုးသမီးငယ်များအား အသိပေးသင့်သည့် အကြောင်း အရာများကို အသိမပေးခြင်းနှင့် တစ်ချက်လွှတ် အမိန့်ပေးခြင်းများကြောင့် ပိုမို ဖြစ်ပွား လာရခြင်းဖြစ်ကြောင်း သိရသည်။''အမျိုးသမီးတွေဟာ အကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင်တာကို ရကြတယ်။ အဲဒီအခါမှာ မကိုင်တွယ် မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက် ကျတာ အဖြစ်များလာတာက အထူးသဖြင့် သိသင့်တာတွေကို ပေးမသိဘဲ မျက်စိပိတ်ထား လိုက်တာကြောင့်ပဲ။ အဲဒီဒဏ်ကို ခံနေရတာပဲ။ ဘယ်သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့ လိုအပ်သလဲ ဆိုတာကို သိဖို့အတွက် သုတေသန ပြုလုပ်ဖို့ လိုနေပါပြီ'' ဟု ဒေါက်တာစစ်နိုင်က ပြောသည်။ထို့ပြင် လူငယ် အမျိုးသမီးများ ယင်းကဲ့သို့ ဖြစ်ပွားရခြင်းတွင် စိတ်ဓာတ်ကျနေသောကြောင့် ဖြစ်ချင်ရာဖြစ်ဟု ထင်ရာစိုင်းမိခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအရာရာ အောင်မြင်နေသည့်အတွက် မိမိတွင် အဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆ နေမိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှု ရှိကြောင်းလည်း သိရသည်။''လူကြီး မိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကို နေရာပေးပြီး ဆက်ဆံဖို့လိုတယ်။ လူငယ်တွေကနေ ဘာတွေတင်ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေ မလုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုး မလုပ်ရဘူး။ တစေ့တစောင်းပဲ ကြည့်ရမယ်။ သူတို့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သူတို့ အမြော်အမြင်ရှိလာတဲ့ အချိန်အထိ သူတို့ကိုယ်သူတို့ ကျေကျေနပ်နပ် ကာကွယ်အောင် လုပ်ရမယ်'' ဟု ယင်းက ဆက်လက် အကြံပြုပြောကြားသည်။နွေဦးလင်း၊ သြဂုတ် (၃၁) ရန်ကုန်တိုင်းနေ့စဉ် သတင်းစာYangon Media Group
Thursday, October 10, 2013
မယ်ခုမျှော် (ဘောလယ်)
စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့ ၊
မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်၊
သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး၊
... လင်းပြန်လုနော်။
သဇင်းသင်းပါတဲ့၊ ခင်းပြန့် ပေါ်၊
လာနိုးငယ် မယ်မျှော်လို့ ၊ တကိုယ်တော်ထူး၊
ထွေရာစိတ်ကူးပါလို့ ၊ ဖူးရွှေလက်တင်၊
ဖြစ်ရှေးကုန်စင်၊ ဘ၀င်တုန်းဆွေးတယ်လေး၊
တွေးကြံလိုက်ရင်။
သစ္စာတော်စူးပါစေ့၊ ဆိုဦးကပင်၊
ခင်လေးကို မောင်ကြင်ငဲ့၊ သည်သက်တွင်ဘဲ၊
နောင်သွေ မလွှဲပါဘူ့  ယုံတော့မေ။ ပြဒုမဘွေ
သိဟာတင့်တယ်လေး၊ စိုးညာမြင့်နေ။ ။
နတ်ဒေ၀ီဖြားသော်လဲ၊ တပါးမသွေ၊
ရှစ်ဗြဟ္မာချွေပါလို့ ၊ အောင်ဇေယျာညွှန်း
မတ်ခြွေရွှေဝန်းငယ်နှင့်၊ ရေသွန်းတော်ခံ၊
မဟေသီမှန်၊ ဒေ၀ီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။ ။
သည်မေထင်စားပါလို့၊ ကြင်အားငယ်သန်၊
ခုများမှာသူတဉာဏ်နှင့်၊ မူတဟန်ခြား၊
ပြုတော်မူအားရန်တော့၊ မျက်ထားတော်သုန်၊
မချစ်ပြင်ပြင်၊ မကြင်ကိုယ်တော် စိမ်းတယ်လေး၊
ပိန်းပိတ်လို့ မှုန်။ ။
လှိုင်ထိပ်ခေါင်တင်
သားအိမ်ခေါင်းကင်ဆာ အကြောင်းသိကောင်းစရာ
အာရှတွင် သားအိမ်ခေါင်းကင်ဆာကြောင့် ၄ မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးနေရပါသည်။
'အမျိုးသမီးတိုင်းအတွက် ကြောက်ရွံ့စရာ သားအိမ်ခေါင်းကင်ဆာ'
• အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံးကင်ဆာ ဖြစ်ပါတယ်။
• ဒီအချက်ကို သတိပြုမ
ိမှု တော်တော်နည်းနေသေးတာဟာအမှန်တကယ် တုန်လှုပ်စရာကောင်းလှ ပါတယ်။
• အမျိုးသမီးများရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ရန်ရှာရုံတင်မကပဲ
မသေဘဲ ဝေဒနာခံစားနေရသူ များမှာလည်း ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားရပါတယ်။
• ဝေဒနာခံစားနေရသူတွေရဲ့မိသားစု၊ လုပ်ငန်းခွင်၊ လူနေမှုဘ၀၀န်းကျင်ကိုပါ အကြီးအကျယ် ပြောင်းလဲ ထိခိုက်နိုင်ပါတယ်။
• အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ်။
• သင် ရောဂါဝေဒနာခံစားရလျှင် သင်သာမက သင့်မိသားစု၊ သင့်ဝန်းကျင်၊ သင့်ကိုချစ်သောသူများ အားလုံး သင်နဲ့ထပ်တူခံစားရမယ်၊ ကြေကွဲရမယ် ဖြစ်ပါတယ်။
'HPV (Human Papilloma Virus) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတယ်'
• တခြားကင်ဆာတွေနဲ့မတူတာက သားအိမ်ခေါင်းကင်ဆာရောဂါဟာ HPV ပိုးကြောင့်ဖြစ်ပြီး ကာကွယ်လို့ရပါတယ်။
• HPV အမျိုးပေါင်း ၁၀၀ ကျော်အနက်က အချို့သာလျှင် ကင်ဆာဖြစ်စေပါတယ်။
HPV -၁၆ နဲ့ ၁၈ ကြောင့် သားအိမ်ခေါင်း ကင်ဆာကို ၇၀% ဖြစ်စေပါတယ်။
• လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးငါးယောက်မှာ လေးယောက်ဟာ ကူးစက်ခံရနိုင်ပါတယ်။
• ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာ Virous ပိုးဝင်လာရင် ပြန်လည်တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအားတည်ဆောက်လေ့ ရှိပါတယ်။
• အမျိုးအစားတွေက များလွန်းတော့ ခန္ဓာကိုယ်က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်ပေ မယ့် နောက်ထပ်တစ်မျိုးဝင်လာရင် အခက်တွေ့ရ ပြန်ပါတယ်။
'အမျိုးသမီးတိုင်းဟာ HPV ပိုး ကူးစက်ခံရဖို့်အန္တရာယ်ရှိနေတယ်'
• HPV ပိုးဟာ လိင်ဆက်ဆံခြင်း (သို့) လိင်အင်္ဂါအရေပြားချင်း ထိတွေ့ခြင်းကြောင့် အဓိက ကူးစက်ရခြင်းဖြစ်ပါတယ်။
• အမျိုးသမီးများဟာ ပထမအကြိမ် လိင်ဆက်ဆံခြင်းကစလို့ ဘ၀တစ်လျှောက်လုံး အကြိမ်ကြိမ် ကူးစက်ခံနိုင်ပါတယ်။
• ဒါကြောင့် အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။
• အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။
'သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ'
• လက်ရှိအချိန်အထိ အကောင်းဆုံးကာကွယ်နည်းကတော့ ပုံမှန်စမ်းသပ်စစ်ဆေးပြီး စောစီးစွာ ကုသမှုခံယူရန် ဖြစ်ပါတယ်။
• ပုံမှန်စစ်ဆေးခြင်းကြောင့် ရောဂါဖြစ်ပွားနှုန်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
• ပုံမှန်အခြေအနေမှ မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို စောစီးစွာသတိပြုမိပြီး ထိရောက်စွာ ကုသနိုင်ပါတယ်။
• ဒါကြောင့် သင်၏ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။
• ကင်ဆာရောဂါအကြောင်း သိလိုသည်များကို ဆရာဝန်အား ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် မေးမြန်းထားသင့်ပါတယ်။
'သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရန်မှာ အမျိုးသမီးတိုင်းအတွက်ပါ'
၁။ ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး မေးမြန်းတိုင်ပင်ပါ။
၂။ ကာကွယ်ဆေးထိုးပါ။
၃။ စောစီးစွာကုသမှုကို ခံယူပါ။
'သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆေးထိုးနည်းစနစ်'
၁။ (၀၊ ၁၊ ၆) လများ
• ပထမတစ်လုံး စထိုးရက်
• ဒုတိယတစ်လုံး စထိုးရက်မှ (၁) လအကြာ
• တတိယတစ်လုံး စထိုးရက်မှ (၆) လအကြာ
၂။ ကာကွယ်ဆေးထိုးရာ၌ လက်မောင်းတွင် အသားဆေး (intramuscularly) ထိုးနှံရပါမည်။
ကာကွယ်ဆေးသယ်ဆောင်ရာတွင် ရေခဲဘူး၊ ရေခဲချပ်များဖြင့် သယ်ဆောင်နိုင်ပါသည်။
' သားအိမ်ခေါင်းကြည့်မှန်ပြောင်း'
သားအိမ်ခေါင်းကို မှန်ပြောင်းကြည့်ခြင်းသည် သားအိမ်ခေါင်းအခြေအနေကို ကြည့်ရှုရန်အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ သားအိမ်ခေါင်းကြည့်မှန်ပြောင်းတွင် ပါဝါအငယ်စား မှန်ဘီလူးပါဝင်ပြီး မှန်ပြောင်းကြည့်သူသည် သားအိမ်ခေါင်း၏ ပုံမှန်မဟုတ်သော နေရာများကို ရှာဖွေရန်နှင့် ဓာတ်ခွဲစမ်းသပ်ရန်အတွက် အသားစယူခြင်းတို့ကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန် အထောက်အကူ ပြုပါသည်။
သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးခံမည့်သူသည် အထွေအထူး ပြင်ဆင်စရာမလိုပါ။ စမ်းသပ်မခံမီ ဆီးသွားခြင်း၊ ၀မ်းသွားခြင်းတို့ကို ပြုလုပ်ထားပါက စမ်းသပ်စစ်ဆေးသောအခါ သက်တောင့်သက်သာ ရှိစေနိုင်ပါသည်။ စမ်းသပ်စစ်ဆေးမှုမပြုလုပ်မီ ၂၄ နာရီအတွင်း အမျိုးသမီးအင်္ဂါအတွင်း သို့ သန္ဓေတားဆေးဖျန်းခြင်း၊ အရာဝတ္ထုများ ထည့်သွင်းခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကို မပြုလုပ်သင့်ပါ။ ရာသီသွေးပေါ်ချိန်အတွင်း စမ်းသပ်ပါကလည်း ခက်ခဲမှုများ ရှိနိုင်ပါသည်။ သို့သော် လိုအပ်ပါက စမ်းသပ်နိုင် ပါသည်။ ကိုယ်ဝန်ရှိလျှင်ဖြစ်စေ၊ ကိုယ်ဝန်ရှိနိုင်လျှင်ဖြစ်စေ စမ်းသပ်မှုမပြုလုပ်မီ ဆရာဝန်အား ပြောပြထားသင့် ပါသည်။
သားအိမ်ခေါင်းကြည့် မှန်ပြောင်းကြည့်ခြင်းသည် နာကျင်မှုတစ်စုံတစ်ရာ မရှိပါ။ မှန်ပြောင်းသည် ခန္ဓာကိုယ်၏ မည်သည့်နေရာနှင့်မှ ထိတွေ့ခြင်းမရှိပါ။ သားအိမ်ခေါင်းကို ပိုမိုရှင်းလင်းစွာ မြင်စေရန်အတွက် ပြုလုပ်ပေးသော စပက်ကူလမ် (Speculum) ထည့်သွင်းချိန်တွင် အနည်းငယ် အနေရခက်ခြင်းမျိုးရှိနိုင်ပါသည်။ လိုအပ်၍ အသားစယူသောအခါ လက်မ၊ လက်ညှိုးတို့ဖြင့် ညှပ်၍ ဆွဲသကဲ့သို့ တင်းကျပ်ကျပ် ခံစားရနိုင်ပါသည်။ အသားစယူပြီးသောအခါ သွေးအနည်းငယ် ထွက်နိုင်ပါသည်။ အလွန်အမင်းသွေးထွက်ပါက ပုံမှန်မဟုတ်ပါ။ အသားစယူပြီး ၁ နာရီအတွင်းပတ် (Pad) တစ်ခု ရွှဲနစ်လောက်အောင် သွေးဆင်းပါက ဆရာဝန်ကို ချက်ချင်းပြရပါမည်။ သွေးဆင်းမှုပမာဏကို ဂရုပြုမိစေရန် အတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းဖြစ်စေ၊ ၄င်းနှင့်တူသောအရာများဖြစ်စေ စမ်းသပ်စစ်ဆေးပြီးနောက် ရက်အနည်းငယ်အတွင်း အသုံးမပြု သင့်ပါ။ စမ်းသပ်စစ်ဆေးနေချိန်အတွင်း အသားနာမည်ဟု မျှော်လင့်ထားသည့်အတွက် အစမ်းသပ်သပ်ခံ အမျိုးသမီးများသည် အသက်ရှူအောင့် ထားလေ့ ရှိကြပါသည်။ ဖြည်းဖြည်းနှင့်မှန်မှန် အသက်ရှူရန် အာရုံစိုက်နေခြင်းသည် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြစ်နေစေ ပြီး နာကျင်မှုရှိခဲ့လျှင် အနာသက်သာစေနိုင်ပါသည်။
သားအိမ်ခေါင်းကင်ဆာ ဖြစ်နေခြင်း သို့မဟုတ် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်သောအနေအထား ရှိနေခြင်းတို့ကို သိရှိရန်အတွက် သားအိမ်ခေါင်းကြည့်မှန်ပြောင်းကို အသုံးပြုခြင်းဖြစ်ပါသည်။ အများအားဖြင့် Pap Smear ပုံမှန်မဟုတ်သူများကို သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးပါသည်။ လိင်ဆက်ဆံပြီး သွေးဆင်းသူများတွင်လည်း သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် စစ်ဆေးသင့်ပါသည်။ မွေးလမ်း ကြောင်းတစ်လျှောက် ဆရာဝန်မှ စမ်းသပ်စစ်ဆေးနေစဉ်အတွင်း သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သော အသားစများကိုစမ်းသပ်မိခြင်း (Abnormal growth)၊ မွေးလမ်းကြောင်းတစ်လျှောက် ကြွက်နို့များရှိနေခြင်း( Genital warts)၊ သားအိမ်ခေါင်းယောင်နေခြင်း (Cervicitis) တို့ကို တွေ့ရှိပါကလည်း သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် ထပ်မံစစ်ဆေးနိုင်ပါသည်။
သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုနေစဉ်အတွင်း သားအိမ်ခေါင်းသည် ပန်းနုရောင်ရှိပြီး ချောမွေ့သော မျက်နှာပြင် ရှိပါက ပုံမှန်ဖြစ်ပါသည်။ သားအိမ်ခေါင်းတွင် ပုံမှန်မဟုတ်သော အသားစများတွေ့ရှိပါက မှန်ပြောင်းကြည့်ရှုနေစဉ်အတွင်း ပုံမှန်မဟုတ်သော အသားစအား အသားစယူသည့်ကိရိယာဖြင့် ယူလိုက်ပါသည်။ ထို့နောက် ၄င်းအသားစကို ရောဂါဗေဒကျွမ်းကျင်သူထံသို့ပို့ကာ ဓာတ်ခွဲစမ်းသပ် ကြည့်ပါသည်။ အသားစ အဖြေကိုရရှိရန် တစ်ပတ်မှ နှစ်ပတ်အထိ စောင့်ရပါသည်။ အသားစ အဖြေသည် ပုံမှန်ဖြစ်ပါက ပို့လိုက်သော အသားစတွင် ကင်ဆာဆဲလ် သို့မဟုတ် ကင်ဆာဖြစ်နိုင်သောဆဲလ် မရှိဟု ဆိုလိုပါသည်။
' အသားစအဖြေသည် ပုံမှန်မဟုတ်ပါက -'
(၁) သားအိမ်ခေါင်းကင်ဆာ (Cancer of cervix)
(၂) ကင်ဆာဖြစ်နိုင်သော အသားစ (Cervical dysplasia)
(၃) မျိုးပွားအင်္ဂါ ကြွက်နို့ (Cervical warts) စသည်ဖြင့် ခွဲခြား သိရှိနိုင်ပါသည်။
အသားစယူပြီးသောအခါ -
(၁) သွေးဆင်းသည့် ပမာဏများပြီး သွေးဆင်းချိန် ၂ ပတ်ကျော်လျှင်သော်လည်းကောင်း
(၂) ၀မ်းဗိုက်ပိုင်း သို့မဟုတ် မျိုးပွားအင်္ဂါတစ်လျှောက်တွင် နာကျင်ကိုက်ခဲမှုရှိလျှင်သော် လည်းကောင်း
(၃) ပိုးဝင်ခြင်း လက္ခဏာ (ဖျားနာခြင်း သို့မဟုတ် မိန်းမကိုယ်မှ အနံ့နံသောအရည်၊ ချွဲကျိသော အရည်များ ဆင်းခြင်း) ရှိလျှင်သော်လည်းကောင်း ဆရာဝန်နှင့် ချက်ချင်းပြသရပါမည်။
' သားအိမ်ခေါင်းမှန်ပြောင်းကြည့်ရင်း အသားစယူခဲ့ပါက'
စမ်းသပ်မှုပြီးသောအခါ တစ်ပတ်ခန့်ကြာအောင် သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ အမျိုးသမီးအင်္ဂါအတွင်းသို့ သန္ဓေတားဆေးဖျန်းခြင်း၊ အမျိုးသမီးအင်္ဂါ အတွင်း ထည့်ရသည့် လစဉ်သုံးပစ္စည်း အသုံးပြုခြင်း၊ အမျိုးသမီး အင်္ဂါအတွင်းသို့ အဆီအနှစ်များလိမ်းခြင်းနှင့် လိင်ဆက်ဆံခြင်းတို့ကို အသားစယူပြီးနောက် တစ်ပတ်ခန့်ကြာအောင် ရှောင်ကြဉ်ရပါမည်။ အချိန်မည်မျှကြာအောင် ရှောင်ရမည်ကို ဆရာဝန်နှင့် တိုင်ပင်မေးမြန်းရပါမည်။ အိမ်သာသုံးစက္ကူ အသုံးပြုခြင်းကိုမူ ပြုလုပ်နိုင်ပါသည်။
credit to: Health magazine

creation of new life: မိခင်နို့ရည်
creation of new life: မိခင်နို့ရည်: အာဟာရဓါတ်နှင့်နို့ရည်အကြောင်း အာဟာရဓါတ်နှင့်နို့ရည်အကြောင်း နို့ဆိုရင် လူအများစု သိကြပြီးတဲ့အရာဖြစ်ပါတယ် ။ ကျွန်တော်တို့အားလုံး င...
creation of new life: ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အချက်များ
creation of new life: ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အချက်များ: ရင်သားကင်ဆာနှင့်ဆက်စပ်နေသော အချက်များ (၁) အသက်အရွယ် အသက်ကြီးလေလေရင်သားကင်ဆာဖြစ်နိုင်ခြေပိုများလေလေ ဖြစ်သည်။
မျောလွင့်နေတဲ့အိမ်မက်များမှ(ဒေါင်းဖြူသား): မိခင်လောင်းဘ၀တွင် ပိုအလေးထားရမည့် “သွား”
မျောလွင့်နေတဲ့အိမ်မက်များမှ(ဒေါင်းဖြူသား): မိခင်လောင်းဘ၀တွင် ပိုအလေးထားရမည့် “သွား”: ကျွန်တော်ငယ်ငယ်က အဘွားအမြဲ ပြောတတ်လို့ မှတ်မိနေတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ "ကိုယ်ဝန်ဆောင် မိခင်ဆိုတာ တစ်နေ့သင်္ချိုင်းကို မျက်စောင်းသုံးခ...
creation of new life: ကိုယ်ဝန်ဆောင် မိခင် အစားအစာ
creation of new life: ကိုယ်ဝန်ဆောင် မိခင် အစားအစာ: ကိုယ်ဝန်ဆောင် မိခင် အစားအစာ ကျွန်တော်တို့ နိုင်ငံရှိ လူမျိုးများ ဟာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးမီးဖွား ပြီး နို့တိုက်...
မျက်ရည်ဆိုတာကျရှုံးခြင်းမဟုတ်ဘူး.....: FACE BOOK ကို လော.မကျအောင် ဘယ်လိုကာကွယ်မလဲ
.့ မျက်ရည်ဆိုတာကျရှုံးခြင်းမဟုတ်ဘူး.....: FACE BOOK ကို လော.မကျအောင် ဘယ်လိုကာကွယ်မလဲ: Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ ပြောရမလောက်ပါပဲ တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ ဘာကြေ...
Subscribe to:
Posts (Atom)