Monday, September 23, 2013
FACE BOOK ကို လော.မကျအောင် ဘယ်လိုကာကွယ်မလဲ
Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲ ဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ ခိုးတယ် .. နိုင်ငံရေး အမြတ် ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ
ကြံစည် လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့ မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့
စနစ်တကျ Log out(လုပ်ခြင်း)
=================
Facebook ကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုး။မိမိကိုသူစိမ်းတစ်ယောက်ကလာပြီး add လုပ်တာကိုလက်ခံတဲ့ အခါမှာ facebook ကအဲဒီလူကိုသိလားစသဖြင့် မေးတာလေးတွေကိုသတိထားပြီးဖြေသင့် ပါတယ်။မသိဘူးလို့ ပေးတာကတော့ 
ပိုကောင်းမယ်လို့ တော့ ထင်ပါတယ်။
တခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုး
facebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း
သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်
လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်
တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်
ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ
အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment